ကဗျာ ကဏ္ဍ

 ဂျာမနီမှာ ဟစ်တလာမရှိတော့ဘူး

အီတလီမှာ မူဆိုလိုနီမရှိတော့ဘူး

အီရွတ်မှာ ဆပ်ဒန်ဂူစိန်မရှိတော့ဘူး

လစ်ဖျားမှာ ကဒါဖီမရှိတော့ဘူး

လွမ်းစရာကောင်းလိုက်တာ...

လွမ်းစရာကောင်းလိုက်တာအချစ်ရယ်.

နောက်ဆိုရင် ကမ္ဘာပေါ်မှာ

အာဏာရှင်ဆိုတာ.

ဒိုင်နိုဆောတွေ မျိုးသုဉ်းပျောက်ကွယ်သွားသလို

မျိုးသုဉ်းပျောက်ကွယ်သွားမှာပါ  အချစ်ရယ်...။


   အောင်ဘညို..

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ