" အလံမလဲသရွေ့ "
အလကားရတဲ့လေကို
ငွေပေးဝယ်ပြီး
ရတဲ့နေ့စားခကိုလက်နက်ဖိုး
ပြန်သွင်းရတယ်။
ဘယ်တိုင်းပြည်မှမကျူးကျော်ခဲ့ပါဘူး
အုပ်စုချင်းလမ်းကွဲပြီး
မြေခွေးကသိုးယောင်ဆောင်သွားတာ
ငါးနှစ်ကြာစိုက်ထားခဲ့တဲ့ငါ့တို့ယာတောလေး
ခုဆို... တစ္ဆေခြောက်သလိုခြောက်ခံနေရပြီ။
သွေးမြေကျပြီးမှရခဲ့တဲ့မြေကို
လက်မဲကြီးကရွံအထပ်ထပ်လိမ်းသုတ်နေတယ်
ရာဇဝင်မှာသမိုင်းစာသင်ခဲ့ရင်
ခွေးအတွေလည်း သံဝေဂရကြလိမ့်မယ်။
ခုတော့...
ဉာဏ်နဲ့ဝေးပြီးဘဝင်လေဟပ်သူတွေကြား
ငါတို့စိုက်ခဲ့တဲ့သီးနှံတွေဟာ လဲပြိုကွဲအက်လို့။
ပြိင်ပွဲမှာတော့
ဒုတိယဆိုတာ...
လူပိုေတွအတွက်နာကျင်အချိန်ပုိသက်သက်ပဲ
ပညာရှိသတိဖြစ်ခဲက
လှံဖျားပုစဉ်းနားသလိုထက်မြက်နေရင်လည်း
ဘဝဟာ...အကြွေပဲ။
ကြောက်ရွံ့ခြင်းဟာ
ကိုယ်ကျပ်အင်္ကျီဖြစ်နေပြီး
အားမာန်ဟာ
လေဖော့နေရင်း
ထွက်သက်ဟာ နောက်ဆုံးငိုကြွေးခြင်းပဲ။
ကလေးတုန်းက
အနိုင်ကျင့်ခံရတဲ့ကောင်က
သောက်ရူးထပြီး
ပြည်သူကိုအနိုင်ကျင့်တဲ့ပြဇာတ်မှာ
မတရားမှုကိုတော်လှန်သူမှန်သမျှ
ခြောက်ထပ်စာနတ်နန်းကိုဆင်မြန်ခွင့်အပြည့်ရှိတယ်။
ဆုတံဆိပ်တွေ၊ရင်ထိုးတွေအစား
ငါတို့ဟာ
ငါတို့ကျောရိုးကိုပြန်ရမယ့်ပွဲ
အိမ်ပြန်လက်မှတ်အတွက်
လောင်းကြေးဟာ...ရှင်နေဆဲအသက်
မြင်ရိုင်းတို့အတွက်
ယဉ်ကျေးမှုဆိုတာသောက်ပိုသက်သက်ပဲမို့
လက်ခလယ်ကိုလက်ခလယ်ချင်းစီးချင်းထိုးပြီး
အုပ်မိုးထားတဲ့လိပ်ကျောကုန်းကို
ရေဓာတ်မြေဓာတ်နဲ့ဂြိုလ်စာကြွေးေပးရမယ်။
ကြောက်ပြရင်ရှုံးနိမ့်ရမဲ့ပွဲမှာ
အလံမလဲသရွေ့...
လဲသော်လည်းရဲနေသရွေ့...
စစ်မုန်းနှင်းဆီဟာ တစ်ဖန်ပြန်ပွင့်လာလိမ့်မည်။
ဖီးနစ်ငှက်ငယ်_ဖန်ခါးမြေ
PoetryZone
Fighting
ReplyDelete