အတတ်နိုင်ဆုံးကြိုးစားပြီးပြီမဟုတ်လား

အတတ်နိုင်ဆုံးကြိုးစားပြီးပြီမဟုတ်လား

လုပ်သလောက်မဖြစ်တာဟာ မင်းအပြစ်မှမဟုတ်ဘဲကွယ်


မပျော်ရတဲ့ရက်တွေ ကုန်တဲ့အခါ လေပြေလေးလာမှာပါ 

အဲ့ရက်တွေထိ မင်းတောင့်ခံမထားနိုင်မှာတော့ တကယ်စိုးတယ်ကွယ်


‌လူသားတိုင်းခက်ခဲတဲ့ ဒီကမ္ဘာမှာ

မင်းလည်း အဆင်မပြေဘူးဆိုတာ ‌မပြောလည်းသိပါတယ် ကလေးငယ်


ဝမ်းနည်းစိတ်ပျက်စရာတွေကြား 

ပြုံးထားပါဦးလို့မဆိုရက်ပေမဲ့ မျက်‌ရည်တော့သိပ်မလွယ်ပါနဲ့ကွယ်


အားတင်းထားဆိုတာထက် ယုံကြည်ထားစေချင်တာ

မင်းဟာအသုံးမကျတဲ့လူမဟုတ်ဘူးဆိုတာ အမြဲတမ်းမင်းအကောင်းဆုံးလုပ်ခဲ့တယ်ဆိုတာ


Mental_Note

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ