"စိတ်သတ်ကွင်း"

 


ရာသီဥတုနဲ့ကီးမကိုက်တဲ့အခါ

စောင်ထခြုံလိုက်တယ်

အပြင်မှာမအေးဘူး

ငါ့စိတ်ကိုကနာဖျားနေတာ။


ထောင်စရာလက်အုပ်မရှိဘူး

မှောက်ထားတဲ့ဆွဲဖဲတစ်ချက်မှာ

လက်ခလယ်ဟာ

ရဲရဲတင်းတင်းကပ်ပါလာတယ်။


ပျော်ရွှင်မှုဟာ

နေရောင်လို တလက်လက်တောက်ပလို့

ဒါပေမယ့်... ငါ့ကိုခတော့

အရောင်ဟာ ပုပ်သိုးနေပြီ


တကယ်တော့ 

အဲဒီအိတ်ကပ်ကိုဆောက်တည်ကတည်းက

ဝမ်းနည်းမှုကိုရောချုပ်ခဲ့တာပါ။


ဟာလာဟင်းလင်းနဲ့ပွင့်ထွက်နေတာက

ငိုညည်းသံတွေ

နှုတ်ပိတ်လို့မရတော့တဲ့အဆုံး

ခုန်ချပစ်လိုက်မိတယ်

ငါနိုးလာတော့... 

ငါ့နိုင်ငံဟာအရင်တိုင်း သွေးရောင်သမ်းနေတုန်းပဲ။


ဖီးနစ်ငှက်ငယ်_ဖန်ခါးမြေ

PoetryZone

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ