ဇာတ်လိုက်မင်းသားနှစ်တွေ



တီရှပ်ကိုပြောင်းပြန်ဝတ်လာကြတဲ့ ဒီဘက်နှစ်တွေ

ငါ့ကိုပိုအထီးကျန်လာစေတဲ့

ဒီဘက်နှစ်တွေ

ကျွမ်းကျင်ရာ မိုက်မဲခဲ့ ကြတဲ့

ဒီဘက်နှစ်တွေ

အချိန်ပေးပြီးမဆွေးမြေ့နိုင်တော့တဲ့

ဒီဘက်နှစ်တွေ

လျှာထိုးဦးထုပ်ကိုတစောင်းဆောင်းလာကြတဲ့ ဒီဘက်နှစ်တွေ

သေချင်းတရားဟာ

သိပ်အရေးမပါတော့ သယောင်ယောင်

ဒီဘက်နှစ်တွေ

အထူအပါးနားလည်နေရတဲ့ဒီဘက်နှစ်တွေ

ကိုယ်ချင်းစာတရားကလွဲပြီး

အကုန်ဝါသနာပါကြတဲ့ဒီဘက်နှစ်တွေ

ကြံမိကြံရာဒီဘက်နှစ်တွေ

မကြံတတ် မစီတတ်ဒီဘက်နှစ်တွေ

တကမ္ဘာလုံးစီးပွားကျတဲ့ဒီဘက်နှစ်တွေ

မကောင်းသူထိပ်ကောင်းသူထိပ်ပဲ

ဒီဘက်နှစ်တွေ

ဖခင်ကကုန်သည်ပွဲစားမို့

သူကုန်သည်ပွဲစားဖြစ်လာရတဲ့ဒီဘက်နှစ်တွေ

အသောက်အစားကင်းဖို့မလွယ်တဲ့ဒီဘက်နှစ်တွေ

အကြောက်တရားကင်းဖို့မလွယ်တဲ့ဒီဘက်နှစ်တွေ

ဒုက္ခရောက်လည်း

လေတကျူကျူနဲ့ဒီဘက်နှစ်တွေ

နောက်ခံရှူခင်းလည်း ကောင်း

ရေချိုးဆိပ်လည်းရှိတဲ့ ကမ်းခြေတစ်ခုမှာ

ဒီဘက်နှစ်တွေကို

မင်းသားတင်ရိုက်ပစ်ချင်ရဲ့။       


-အောင်ခိုင်မြတ်

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ