ဘာမှအဆင်မပြေဘူး



လေက အေးပေမယ့်

လတ်ဆတ်မနေဘူး


လမ်းမတွေကျယ်ပေမယ့်

မလွတ်လပ်ဘူး


ချစ်ခင်သယောင်ရှိပေမယ့်

တစ်ဦးနဲ့တစ်ဦး

သံသယတွေနဲ့


အိပ်ပျော်သယောင်ယောင်ပေမယ့်

အိပ်မက်ဆိုးတွေနဲ့


တံခါးတွေပိတ်ထားပေမယ့်

လုံခြုံမနေဘူး


မနက်ဖြန်ဆိုတာ

ရှိကောင်းရှိနိုင်ပေမယ့်

မနေ့ကတွေအတိုင်းပဲ


စိမ်းလန်းတဲ့ဝန်းကျင်မှာပေမယ့်

အသက်ရှူမဝဘူး


ဘာမှ

အဆင်ပြေမနေပါဘူး

ငြိမ်းမှ 

မငြိမ်းချမ်းဘဲ




San Zuren 🌸

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ