UG
ငါဟာလူသားတစ်ယောက်ဖြစ်တယ်
ပုံစံအတည်တကျမရှိဘူး
အသံအတည်တကျမရှိဘူး
နာမည်အတည်တကျမရှိဘူး
၂ ပါတ်တစ်ခါလောက် နာမည်ပြောင်းရတယ်
အသံပြောင်းရတယ်
ပုံစံပြောင်းရတယ်
ဒါတွေမတိုင်ခင်က ငါက ဘာကောင်ကြီးလည်း
ဘာတွေလုပ်နေခဲ့တာလည်း
ဘယ်ကနေလာခဲ့တာလည်း
ဘဝကြီးတစ်ခုလုံး factory reset ချလိုက်သလို
ဘာကိုမှ သိပ်မမှတ်မိနေတော့ဘူး
ဒီမြို့ကြီးမှာ တချိန်က ညနေခင်းတွေ ရှိခဲ့တယ်ဆိုတာတောင် မမှတ်မိနေတော့ဘူး
မိသားစုနဲ့လည်း အဆက်အသွယ်ရှိမနေတော့ဘူး
တစ်မြို့လုံးက ငါ့မိသားစုဆိုပေမယ့် ငါ့ကိုဘယ်သူမှမသိကြဘူး
ငါကလည်း ဘယ်သူ့ကိုမှ မသိဘူး
တမြို့လုံးကို သိပ်ချစ်လို့ အသက်ကိုပေးထားပေမယ့် တမြို့လုံးကို ငါယုံလို့မရဘူး
ဘယ်သူ့ကိုမှ မယုံကြည်တာ ငါ့အလုပ်ပဲ
ခင်များတို့ကို သိပ်ချစ်တဲ့အကြောင်းလည်း ပြောခွင့်မရှိဘူး
ခရီးအရှည်ကြီးထွက်လာခဲ့ပေမယ့် အဝတ်ထုတ် သယ်လာခွင့်မရှိခဲ့ဘူး
ကိုယ်ပိုင်ဖိနပ်မရှိဘူး ကိုယ်ပိုင်အင်္ကျီမရှိဘူး
လူတွေ နာမည်တွေ အရုပ်တွေကို တမင်တကာ မမှတ်မိအောင် နေထိုင်ရတယ်
ငါ့အရိပ်ဟာ ငါ့ချစ်သူပဲ
ညတိုင်းနီးပါး ထမင်းစားပွဲ ကိုပဲ ခဏခဏ အိပ်မက်မက်တယ်
ဒီလိုအချိန်မျိုးမှာ အဲ့ဒါ အိပ်မက်ဆိုးပဲ
ငါဝတ်ထားတာတွေက မြို့တော်ကပေးထားတဲ့ အကာအကွယ်ပဲ
ငါ့အသက်ကို မလုံပေမယ့် ငါ့ရင်ဘတ်ကိုတော့ လုံလုံခြုံခြုံရှိပါတယ်
မြို့တော်ကြီးတစ်ခုလုံးက ငါ့အိမ်ဆိုပေမယ့်
ငါ့အိပ်ယာရယ်လို့တော့ သတ်သတ်မှတ်မှတ်မရှိပါဘူး
တချို့ညတွေ အိပ်လို့မပျော်ပေမယ့် စိတ်က ပျော်ပါတယ်
မြို့တော်က ငါမမှတ်မိတဲ့ ငါ့နာမည်ကို အော်ခေါ် နေသံမျိုး ကြားရတဲ့ညတွေဆိုရင်လေ
မျက်ရည်က အလိုလိုကျတယ်
ငါဟာလည်း လူသားတစ်ယောက်ဖြစ်တယ်။
သရဲ
Yangon Revolution Force - YRF
(ရန်ကုန်တော်လှန်ရေးအင်အားစု)
Done🍀🤍
ReplyDeleteနှမ်းတစ်စေ့နှင့် ဆီမဖြစ်သော်လည်း နှမ်းစေ့ပေါင်းများစွာနှင့် ဆီဖြစ်စေသည်
ReplyDeleteတိုင်းသူပြည်သား Clickers တို့ ၏ click အားသည် အထူးထောက်ပို့ အင်အားကြီး ဖြစ်သည်