"သံလိုက်စက်ကွင်းထဲမှာ တုန်ခါနေတဲ့ အီလက်ထရွန်တွေ"


မိသားစုညစာဟာ

စားပွဲဝိုင်းလေးပေါ်ကနေ

စစ်မြေပြင်ကို လွင့်စင်ထွက်သွားတယ်။


​ဖူခွါ့ရဲ့ ​မရှိတော့တဲ့

ခြေထောက်တစ်ဖက်ကို ကြည့်ပြီး

တာမို့က မျက်ရည်ခိုးသုတ်တယ်။


သင်္ချာညံ့တဲ့ ဖူမူးနောင်က

နိုင်ငံတော်ကို စိတ်ထဲမှာမှတ်လို့ပြောပြီး

လက်သုံးချောင်းထောင်တမ်း ကစားနေတယ်။


စစ်ကြီးက တာပါ့ကို

ဝါးစားသွားပြီလို့ တာမို့ကပြောတော့

ဖူခွါ့နဲ့ ဖူမူးနောင်က မျက်လုံးအကြောင်သားနဲ့

စစ်ကြီးဆိုတဲ့ အကောင်ကြီးကို

တွေးတွေးပြီး ကြောက်နေကြရဲ့။


ကမ္ဘာကြီးက သူတို့တွေကိုမမြင်ပါဘူး

လေယာဥ်ပေါ်က ရွာချလိုက်တဲ့

ဗုံးမိုးတွေကလည်း သူတို့ကိုမမြင်ပါဘူး။


ညောင်ဦးကမ်းပါးပြိုတာနဲ့

စမ္မာနဂိုလ်က နွားမပေါင်ကျိုးတာ

မဆိုင်ဘူးလို့ ဘယ်သူပြောလဲ။


ရေဒီယိုသတ္တိကြွနေတဲ့ တောအုပ်ဟာ

တစ်တောလုံး ကြွေပြီး

တစ်တောင်လုံး မှိုင်းလို့။


အန်နိုလာ

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ