ကဗျာကဏ္ဍ
ဆောင်းဝင်ပြီမို့ မိုးခိုငှက်တွေကိုလည်း
အသိုက်အိုကိုပြန်ရောက်စေချင်သလို
လောင်သမျှသောကမီးတွေလည်း
တရားသဖြင့် စဲစေချင်တယ်
ကမ္ဘာကြီးရယ်..ဒါဟာ
အခြေခံလူတန်းစားတစ်ယောက်ရဲ့
မေတ္တာရပ်ခံချက်ဖြစ်ပါတယ်
ကြားနိုင်ပါစေ မြင်နိုင်ပါစေ
ငြိမ်းချမ်းခြင်းသီချင်းတွေအလွှင့်မှာ
မေတ္တာစစ်တွေစီးဆင်းကြမယ်
မောင်းတစ်ချက်နှိပ်တိုင်း တစ်ပွင့် ပွင့်တဲ့
ပန်းတိုင်းပြည်ကြီး ဖြစ်ပါစေကွယ် ..။
ရိပ်ငြိမ်
Fighting
ReplyDelete