နိုင်ငံတော်သီချင်း-၅



ဖုံးထားတဲ့အဝတ်ဖြူ ကိုဖယ်လိုက်တော့

ရုပ်ပျက်ဆင်းပျက်သေဆုံးနေတဲ့ နိုင်ငံတော်

ကျီးပြိုတယ်

လျှပ်စီးတွေလက်တယ်

လေမတိုက်ပဲသစ်ရွက်တွေလှုပ်တယ်

သွေးသားဆန္ဒမရှိတော့တဲ့

ဌက်လှောင်အိမ်ထဲကလူတွေ

ရှင်ခြင်းရဲ့အမှတ်တရ

လက်ကောက်ဝတ်ပေါ်ကအမာရွတ်တွေ

မေတ္တာသုတ်ရွတ်နေတဲ့

ဓာတ်ငွေ့ကာမျက်နှာဖုံးနဲ့ဘုန်းကြီးတွေ

နှိပ်စက်မှုကိုမခံနိုင်တဲ့အဆုံး

တိမ်တွေက နေမင်းကြီးပုန်းနေတဲ့နေရာကို

ဖွင့်ပြောပြလိုက်တယ်

နှုတ်ခမ်းထောင့်စွန်းကသွေးတွေဟာ

အသက်ရှိနေသလိုပူနွေးနေဆဲ

သင်၏ တမလွန်ဘဝကနိုင်ငံတော်။



အောင်ခင်မြင့်

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ