၂၀၂၁ တနှစ်လုံး


မကြာခင် အဆင်ပြေသွားတော့မှာလို့

ပြောပြီး ခဏခဏဖျားတယ်။


မနက်မိုးလင်းတာနဲ့ ဘေးဘီဝဲယာမှာ

သူစိမ်းမြူတွေ သူစိမ်းလူတွေ။


လိုင်းရရင် လိုင်းကျတယ်

ဆေးသောက်ခါနီး ဆေးအမြဲပျောက်တယ်။


ဆန်းဒေးနဲ့ ဖက်ကြမ်းကိုရိုးလာရင်

ဖက်ကြမ်းနဲ့ဆန်းဒေး ပြောင်းသောက်တာပေါ့။


အနွေးထည်က လောက်တယ်။

အနွေးဓာတ်ကမလောက်ဘူး။


-ဆပ်ရိပ်

၂၄၊၁၀၊၂၂

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ