ကဗျာ ကဏ္ဍ
အဲဒီ့သေနတ်က ကျည်ဆံမှာ
ကျွန်တော့လိပ်စာ ပါတယ်မဟုတ်လား.... ..
တစ်ချက်ထဲနဲ့
သေအောင်ပစ်စေချင်ပါတယ်
ကျွန်တော်ရပ်လိုက်ပါတော့မယ်
ငှက်လေးတကောင်ဖြစ်ပါရစေလို့
ကျွန်တော်ဆုတောင်းပြီးတဲ့အခါ
အားလုံးရပ်လိုက်ပါတော့မယ်
ရက်စက် ယုယစွာ တစ်ချက်ထဲပစ်ပါ ခင်ဖုန်းသက်ဝေရေ
နတ်ပြည် ဘယ်နှစ်ထပ်မှာတွေ့တွေ့
ကျွန်တော်တို့ မမေ့ကြကြေးလေ
နော်.... ..
သန်းတင့်
Fighting
ReplyDelete