"ပန်းရိုင်း"
တန်ဖိုးကြီးနေဖို့မလိုပါဘူး
ငါ့အတွက်ထိုက်တန်ရုံဆို လုံလောက်ပြီ
နန်းထိုက်ဖို့ရာလဲ မလိုပါဘူး
ငါ့ဦးခေါင်း သို့မဟုတ် ငါ့ရင်ကပ်ပန်းလေးအဖြစ်
တင့်တယ်ပေးနေရင် လုံလောက်ပြီ
အများတကာကြိုက်နှစ်သက်နေဖို့မလိုပါဘူး
ငါတစ်ယောက်တည်း မြတ်နိုးနေခြင်းက
မင်းအတွက်ကျေနပ်တယ်ဆို လုံလောက်ပြီ
တယုတယပျိုးထောင်နေဖို့ မလိုတဲ့ မင်းကို
ငါ့ရင်ကနေ ချစ်ပါတယ်
တကူးတက ပဲ့ကိုင်နေစရာ မလိုတဲ့ မင်းကို
ငါ့စိတ်အစုံက နှစ်သက်ပါတယ်
သဘာဝတရားတွေကြားမှာ
ထည်ဝါနေလွန်းလို့မင်းကို
ငါ့နှလုံးသားကနေ မြတ်နိုးပါတယ်
မင်းသာငါ့အနားရှိရင်
ငါ့ဘဝရုပ်ပုံထွက်တွေလှပလွန်းတာလို့
ငါ့အတွက်တော့ မင်းက အတိုင်းမသိ အဖိုးတန်လွန်းပါရဲ့
အားမငယ်ပါနဲ့တော့ အငိုတိတ်လှည့်
ငါ သိပ်ချစ်ရတဲ့မင်းက ငါ့အတွက်တော့
အနှိုင်းမဲ့တဲ့ အရိုင်းပန်း မို့ပါကွယ်။
နိုယွာရ်
Done
ReplyDelete