"ပျော်ပျော်ရွှင်ရွှင်ဒီပရက်ရှင်"


စားပွဲပေါ်က ခဲဖျက်ကလေးတစ်ခု

အမှတ်တမဲ့ ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့ရင်လည်း

ငါ့ သတိရမှုပါပဲ


မိဘမဲ့ ကလေးတွေတွေ့တော့

ငါဟာ မိဘမဲ့လူကြီးပါလားဆိုပြီး

စိတ်မကောင်းဖြစ်မိတယ်


ငါ လား

ငါ့ ဇီမာ လမ်းခွလား

လေချွန်သံနဲ့

မြွေတွန်သံ မကွဲ​ပြားသေးတာကလည်း

ဟိုတုန်းက အတိုင်းပါပဲ


၁၉၈၆ တည်းက

လိပ်စာကျပျောက်ခဲ့တဲ့ ငှက်တစ်ကောင်ဟာလည်း

မင်းရပ်နေတဲ့ ပြတင်းရဲ့ အပြင်ဘက်မှာ

မထေမဲ့မြင် သတိရခြင်းများစွာနဲ့

မသိကျိုးကျွံ ဖြတ်ပျံမြဲ

ဟိုတုန်းက အတိုင်းပါပဲ။


သစ်ကောင်းအိမ်

Comments

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ