"နိုင်ငံတော်အလံမှာ ကျည်ပေါက်ရာကြီးနဲ့"
စက္ကူဂျိုးဖြူငှက်လေးကို
တိုင်ထိပ်မှာ ကြိုးချည်ထားလို့
ဖြတ်သွားတဲ့ ထီသည်ဟာ
" ငြိမ်းချမ်းပါစေ " သီချင်းကို
အကျယ်ကြီး ဖွင့်ထားလေရဲ့...
သန်း (၅၀) ဟာ
လှေပေါက်ကြီး နဲ့ ခရီးဆက်ပြီး
(၂၅) ယောက် အဖွဲ့ဟာ
အသက်ကယ်လှေတွေနဲ့ ရေတိမ်တိမ်မှာ
ရယ်မောလို့ .....
ဒီမှာ
စစ်ပင်တွေ က စိမ်းလန်းလို့
လောဘလေကို လုရှူလို့
ဖျာတွေ အများကြီးခင်းထားလို့
အသေရရ အရှင်ရရ စိတ်တွေနဲ့
" ပင်စင်" မှတ်တိုင် ကို
ကျော်မောင်းသွားကြပြန်တယ်
စာလုံးကြီးရေးထားတော့
တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ဟာလည်း
စာအုပ်ထဲမှာတော့ ထင်ထင်ရှားရှားပါပဲ
သေနတ်နဲ့ ခင်းတဲ့လမ်း မှာ
သုံးမရတဲ့ ကြယ်တွေ အများကြီးလည်း
စိုက်ခဲ့ပြီးပြီပဲ
မောင်းဖြုတ်လိုက်ရင်
သေသူဟာ ပြည်သူပဲ မဟုတ်လား
မီးပလပ်ပေါက်မှာ
စိတ်တွေကို အားသွင်းလည်း
စစ်ပွဲတွေပဲ အားပြည့်သွားတဲ့ နိုင်ငံမှာ
ဒီတစ်ခါ
ငါတို့ ပျော်ပါရစေအုံး ..... ။
ထွဏ်းသွေးအိမ်
Fighting
ReplyDelete