နိုင်ငံတော်သီချင်း ၁၀
သန်းခေါင်ယံကောင်းကင်ထဲ
လောင်ကျွမ်းနေတဲ့နေလုံးနီနီ
အိပ်မပျော်တဲ့ဝံပုလွေလူတွေဟာ
အဖြူ အမဲဓာတ်ပုံဟောင်းတွေပြန်ကြည့်လို့
လိင်ဆက်ဆံမှုရဲ့နောက်ဆက်တွဲအချစ်
သို့မဟုတ် အချစ်ရဲ့နောက်ဆက်တွဲလိင်ဆက်ဆံမှု
အဲဒီနှစ်ခုထဲကတစ်ခုခု
မိသားစုဘဝလေးကို
လက်ပစ်ဗုံးတစ်လုံးလိုဆုပ်ကိုင်ထားရင်း
ကြယ်တာရာစစ်ပွဲ
အနာ့ပဆုပ်တွေ
ငရဲကိုသွားတဲ့တံတားသစ်ကြီးတွေ
တိမ်ပေါ်ကနေငုံ့ကြည့်ရင်
သမိုင်းဟာဆွတ်ပျံ့ဖွယ်
သင်၏ လွမ်းမောကြေကွဲဖွယ်နိုင်ငံတော်။
အောင်ခင်မြင့်
Comments
Post a Comment