"ကလောင်သမားတို့ ကံကုန်ချိန်"
ကဗျာဆရာတွေသေတော့
အမှန်တရားကျန်တယ်
စာရေးဆရာတွေသေတော့
မှတ်သားစရာကျန်တယ်
အမှတ်မှားနေကြတာက
သူတို့ဘဝ အောင်မြင်မှုဟာ
သူတို့သေဆုံးပြီးချိန်မှ စတယ်
ခရီးဆုံးလို့လား ကမ္ဗည်းထိုးပုံများ
စာလည်းကျန် ကဗျာလည်းမှန်
သူတို့ ခေတ်ကို အဲ့ဒီလိုရေးတယ်
သေမင်းကလည်း ပရိသတ်ထင်ရဲ့
နိပ်သဟလို့ ကိစ္စချောလိုက်တယ်
ကြည် ၂ ကြည် ဟာ ရှေ့ဆင့်နောက်ဆင့်
တစ်ယောက် တစ်လ ဆုံချိန်
တစ်ထောင့်တစ်ည ပုံပြင်နဲ့
ငါ့နာမည် ဂုဏ်သရေရှိ လို့
ညယံမှာ ကြယ်တွေ ကြွေပြတယ်
နေမပျော်လို့လား အနေတော်လို့လား
စစ်ကြီးမပြီးခင် တိုးဝင်ထွက်သွား
ကျန်ရစ်သူမှာ ခေတ်ကြီးတစ်ခုလုံး
R.I.P တစ်လုံးတည်းနဲ့တော့
ကဗျာဟာ ဘယ်တန်မလဲ
စာဟာ ဘယ်ဟန်မလဲ
ကျောက်သင်ပုန်း အမိုးတွေအောက်မှာ
လာမယ့် ဆောင်းရာသီဟာ
နာကျင်မှုကို ခိုလှုံရင်း
မျက်ရည်ပဲကျရမလား
ရယ်မောဟားတိုက်ရမလား
လေထန်ကုန်းထဲမှာ
ဘုံဆိုင်တစ်ခုခုမှာ
ဆုံစည်းရန် မဖြစ်ကြာသမို့
ထုံငြီးဟန် လစ်ဟာပြေးတယ်
ကလောင်သမားတို့ ကံကုန်ချိန်။ ။
(ဆရာကြည်ဇော်အေး + ဆရာအကြည်တော်သို့ လွမ်းချင်း)
-ရောင်နီ
Done!
ReplyDeleteFighting
ReplyDelete