တော်လှန်ရေး


ခွေခေါက်ထားရတဲ့အတောင်ပံ

​ဖြန့်ကားနိုင်ဖို့

ကွေးထားရတဲ့ ခြေထောက်တွေ

ဆန့်ထုတ်နိုင်ဖို့

ဘယ်အစာကိုမဆို

နှုတ်သီးနဲ့ကိုက်ယူနိုင်ဖို့


နေရောင်ရဲ့အဆင်းကိုမြင်ရဖို့

လေပြည်ရဲ့အထိအတွေ့ကို ခံစားဖို့

သဘာဝရဲ့အလှကို ငေးဖို့


အတောင်အလက် စုံစုံလင်လင်

ရှင်သန်​ကြီး​​ပြင်းဖို့

ပျံသန်းခြင်းကို သင်ယူဖို့

ကောင်းကင်နဲ့မြေပြင်မှာ

လွတ်လပ်လှုပ်ရှား သွားလာဖို့


ကိုယ်တေးနဲ့ကိုယ် သီကျူးနိုင်ဖို့

တောတောင်မြစ်ချောင်းနဲ့အတူ ကခုန်ဖို့


ဒီ့အတွက်

အခြားဘာနည်းလမ်းမှ မရှိဘူး

ပတ်ပတ်လည်

ပိတ်ဆို့ကာရံထားတဲ့ ဥခွံမာမာကို

အရင်ဆုံး

ချိုးဖျက်ဖောက်ထွက်မှပဲ ရမယ် ။


မီးငှက်

(၃ - ၁၁ -၂၀၂၂)

MyitKwae

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ