ကဗျာကဏ္ဍ

 အိမ်ခြေယာမဲ့ လူငယ်တစ်ယောက်

ချစ်ခြင်းမေတ္တာ ငတ်မွန်းတဲ့လူငယ်တစ်ယောက်

ဘဝမှာ ရူးသွပ်တဲ့အတွေးအခေါ်က

နှစ်ရပ်တည်း


ကဗျာ သရဏံ ဂစ်ဆာမိ 

ချစ်ခြင်းမေတ္တာ သရဏံ ဂစ္ဆာမိ ပါတဲ့ 


ဗန်ဂိုး

ဂရိုမော့ဗ် 

မြို့မငြိမ်း

လွတ်မြောက်ရေးဆီ ဦးတည်လျှောက်ခဲ့ကြ


သူတို့အကြောင်းသိတဲ့

အိမ်ခြေယာမဲ့

ကဗျာဆရာလည်း

ကိုယ့်ကိုယ်ကိုယ် နဲ့

ကိုယ့် ခေတ်ကို ပြန်ကြည့်မှ 

"သေနတ်က  လိုနေပြန်ပါပြီ"။

 

-ဆောင်းဦးသွင်

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ