"နေမထွက်နိုင်ငံတော်"(၂)
ဖီးနစ်ငှက်ရဲ့ အသက်ရှူသံသဲ့သဲ့
ကြားနေရသေးတယ်
နေရောင်ခြည်အိပ်မက်တွေဟာ
ဇကာပေါက်ဖြစ်နေတဲ့ ခန္ဓာကိုယ်ပေါ်က
သွေးပျက်ဖွယ် ယိုစီးကျလာ
ဆောင်းဦးရဲ့ မီးလင်းဖိုထဲ
နွေဘယ်နှစ်ခု မိုးဘယ်နှစ်ခု ဆောင်းဘယ်နှစ်ခု
ထည့်ရဦးမှာလဲ
လူနာတင် ဘတ်စ်ကားတွေက
တဝီဝီနဲ့ အသက်လုနေကြပြီ
နေမထွက်နိုင်ငံတော်ထဲ
အားလုံးတိုးဝှေ့။
အန်နိုလာ
APPRECIATE.
ReplyDeleteDone!
ReplyDelete