သန့်စင်ခန်းယဥ်ကျေးမှုထဲ တိမ်မြုပ်ပျောက်ကွယ်သွားသော ပကတိစိတ်များ
စိတ်ရှိလား
အရေပြားကိုးကွယ်သူတွေကိုမမေးသင့်ဘူး
တစ်နေ့တစ်နေ့ကိုယ်ပေါ်တက်လာတဲ့ယားယံမှုတွေကို
ဖြေသိမ့်ရင်းစိတ်တွေကမိလ္လာပိုက်ထဲခုန်ခုန်ချကြတယ်
ဘေစင်မှာလက်ဆေးပေမယ့်
အကြောက်တရားတွေပေကျံနေဆဲ
ကြွေပြားအဖြူပေါ်ကပင့်ကူတစ်ကောင်
ငေးကြည့်နေတယ်တနေကုန်အယောင်ဆောင်ထားတဲ့စိတ်ကို
အူတွေကိုညှစ်ချအားစိုက်ထုတ်သလောက်သာ
တရားမျှတမှုကိုလိုလားခဲ့ရင်
အညစ်အပတ်တွေကုပ်ကပ်တွယ်နေစရာဘာအကြောင်းမှမရှိဘူး
ခံစားမှုသွေးပါတော့အထိတ်တလန့်
သွေးထဲကခံစားမှုစစ်စစ်ကိုမျက်နှာလွှဲကြတယ်
ကိုယ့်ဘာသာပိတ်ထားတဲ့တံခါးပြန်မပွင့်မှာကိုပဲ
အစိုးရိမ်ကြီးစွာနေထိုင်ရှင်သန်ဖို့ကြိုးစားရင်းစိတ်နဲ့တိတ်တိတ်လေးဝေးလာတယ်
အပြင်မှာmissed call တွေ
ပြုံးပြဖို့လိုလိုမလိုလိုပြုံးပြလိုက်ရုံ
ကိုယ့်စိတ်နဲ့အမှန်တရားကဖုန်းခေါ်ခဲ့ပေမယ်
သန့်စင်ခန်းထဲမှာကိုယ်ကအလေ့အကျင့်ရနေခဲ့တာ
မျိုးဆက်တစ်ခုကြာခဲ့ပြီ။ ။
မိုးချွန်
(အောက်တိုဘာ၊ ၂၀၂ ၂)
🧐☝️
ReplyDeleteFighting
ReplyDelete