သပိတ်မှောက်ကျောင်းသားများဘွဲ့တေးထပ်


ယူနီဘာစတီ အက် ကိုဖြင့်

ပြည်မမက် မုန်းစင်

သည်အခက် မတုံးခင်ဝယ်

ပြုံးရွှင်ရွှင်ရည်ဘွဲ့။


ကောလိပ်ဆိုတဲ့

နှစ်လိပ်ပြောင်အောင်

သပိတ်တောင်မှောက်ကြသတဲ့။


ပရိုဖက် ဆာအနေ

ဆရာတွေသင်မဲ့

စာပေမမြင်တဲ့ခင်ပ

တမင်သွဲ့ခက်ဘွယ်။


ကူးရှင်းခေါ် ဟိုက်စကူးဆီက

ရိုက်ကျူးလို့ ကူးပြန့်ကျယ်။


အထူးခက် အံ့ဘွယ်ပေ

ခန့်ထည်ထည် စီနိတ်က

သည်နှစ်လိပ် ဝင်ပစေ

ခွန်းမိန့်သံတွေ။


လွှမ်းပစိမ့် ဖန်လေသည်

မြန်ပြေတွင်  တပွဲပေါ့လေး။


မစ္စတာမောင်မှိုင်း

(အဘိုးဆရာသခင်ကိုယ်တော်မှိုင်း)

ဘွိုင်းကောက်ဋီကာ၊ စာမျက်နှာ၃၀၆

ပထမအကြိမ် ၁၉၂၇။


Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ