နိုင်ငံတော်သီချင်း-၉


အပမှီနေသလို လူတွေ

မအိပ်ခင်ကြယ်ဖြူ တစ်ပွင့်စီသောက်ကြ

၁၂ထပ်တိုက်ပေါ်က

နောက်ထပ်သူရဲကောင်းတစ်ယောက်ခုန်ချလာ

ဘေကန်ရဲ့ပုပ်ရဟန်းတစ္ဆေကြီးနဲ့

ငါတို့ထိတ်လန့်နေခဲ့သောနှစ်များ

လူသေတို့ရဲ့ဘာသာဗေဒနဲ့

အချင်းချင်းဆက်သွယ်ခဲ့ကြ

ပခြုပ်ထဲကလူးလွန့်ထွက်လာတဲ့

သောကဆိုနာတာ

အဖြစ်အပျက်တစ်ခုလုံးရဲ့အဓိပ္ပါယ်ဟာ

ကန်ထုတ်လိုက်တဲ့သစ်သီးပုပ်တစ်လုံးလို

အဝေးကိုလိမ့် လိမ့် လိမ့်

သင်၏  စိတ်ချောက်ချားဖွယ်ရာနိုင်ငံတော်။



အောင်ခင်မြင့်

Comments

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ