ဘရာမရှိတော့တဲ့ပန်းပွင့်
သူရဲ့အထိအတွေ့က
ဆိုဖာပေါ်မှာ
ဆယ်သက်စာ ဖီးလ်ပဲတဲ့
ဒါကြောင့်လဲ သူဟာ
မတရားသဖြင့် ဖာသည်မဖြစ်ခဲ့ပုံရ
သူဖာသည်မဖြစ်တော့
တချို့က သနားကြ
တချို့က ခံပြင်းကြ
တချို့တွေကတော့ သူ့ဆံပင်တွေကို
ခေတ်အဆက်ဆက်
တစ်ပင်ချင်း ခုတ်ပိုင်းပစ်ကြပေါ့
ပြီးတော့ သူ့ရဲ့ဖွံ့ထွားနေတဲ့နို့အုံတွေပေါ်
ကုန်တင်ကားနဲ့ တက်တယ်
ဂျစ်ကားနဲ့တက်တယ်
သူ့နို့အုံများဟာ အလင်းတွေနဲ့
ရွှေရည်စိမ် ရွေ့လျားမှုတွေနဲ့ဖြစ်လို့
ညှော်နံ့တွေ အထပ်ထပ်နဲ့
နောက်ဆုံး တွင်းအနက်ကြီးတွေဖြစ်ခဲ့
သူရဲ့စျေးကွက်မှာ
ဘီအီးနံ့မရှိ ဖက်စပ်နံ့မရှိ
ဖန်ခွက်ထဲက ရေခဲအတွက်
သူဟာဖြစ်ချင်တိုင်း
အဖြစ်ခံထားရတဲ့ အပဲ့အရွဲ့
အရောင်နဲ့ အမှောင်နဲ့
အပွင့်အခက်နဲ့ ဆူးတွေနဲ့
နည်းအမျိုးမျိုးနဲ့
တချို့ သို့မဟုတ် အတော်များများ
ဖာသည်မလေးကို အဓမ္မကျင့်ခဲ့ကြပေါ့
နှစ်ပေါင်းများစွာပါပဲ
တက်ပြီးပြန်မဆင်းချင်တဲ့
ဖာခေါင်းအဆက်ဆက်ကြောင့်
အဲဒီဖာသည်မလေးဟာ ဖျားနာနေခဲ့ရ
သူဟာ နောက်ဆုံးတန်းက
ချူချာနေတဲ့ ဖာသည်မလေးပါ
သူဟာ ဘရာမရှိတော့တဲ့
ကချေသည် ပန်းတစ်ပွင့်ပါ
သူ့အင်္ဂါထဲ ကိုယ့်အင်္ဂါထည့်ဖို့
လက်ညိုးတွေ
ကွေးပစ်ဖို့ထိမလိုပါဘူး
ပြန်မဖာနိုင်သေးတဲ့ သူ့အပေါက်တွေကို
အဆုံးထိ ထိုးမသွင်းကြဖို့
မေတ္တာရပ်ခံပါတယ် ။
နောင်_အတွေးအိမ် ။
Fighting
ReplyDelete