နိုင်ငံတော်သီချင်း-၈


လူ့ခန္ဓာကိုမီးမြှိုက်ရာမှထွက်ပေါ်လာသော

ညှော်နံ့မွှေးမွှေး

သူကလည်းသူ့ရက်စက်မှုနဲ့သူ

ငါကလည်းငါ့ချစ်ရမ္မက်နဲ့ငါ

ခေတ်သုံးခေတ်လုံးပြသခဲ့တဲ့

ကပ်ကြီးသုံးပါးထရီလော်ဂျီ

အဲဒီတင်ပါးပေါ်ကသေနတ်ပုံတက်တူးကို

ငါအခါခါလျှက်နေမိ

ကရဝိတ်ဦးခေါင်းကြီးဟာရှက်သလို

ခပ်တိုးတိုးညည်းညူ လို့

ကံ့ကော်ပွင့်ရာ စိန်ပန်းပွင့်ရာ

တစပြင်ပမာ

သင်၏ ဣနြေ္ဒကြီးမားလှသောနိုင်ငံတော်။


အောင်ခင်မြင့်

Comments

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ