"အတ္တမိတ်တူ"
အရင်က
သေရမှာကြောက်လို့
ရှောင်ရတာများလှပါပြီလို့ ညည်းခဲ့
အခုတော့
ရှောင်ရမှာခက်လို့
သေရမှာကို ထည့်မတွက်တော့ပါဘူး
ကိုယ့်ကဗျာက
မဂ္ဂါဝပ် ဘယ်လောက်ထွက်မှာလဲ
ကိုယ့်ကဗျာဖတ်သူတွေ
ဘောလုံးတစ်ကွင်းစာလောက် မရှိရင်နေပါစေ
ဘောလုံးတစ်သင်းစာလောက် ရှိရင်တော်ပါပြီ
မျက်နှာပြောင်တယ်ပဲပြောပြော
ဒီဘဝမှာ
အဘဘိုးမင်းခေါင်လောက်တော့
အောင်မြင်ချင်ပါတယ် ။ ။
-လှသန်း
Comments
Post a Comment