"ရေတိမ်နစ်တဲ့ရက်"


လက်ရှိအချိန်မှာ

အသက်ရှိရဲ့လားသိချင်ရုံနဲ့

တစ်ချက်တစ်ချက်တော့

သေချင်မိတယ်။


ဘဝမှာအဆိုးဆုံးခံစားချက်က

ဘာလဲသိလား။

ပျော်တာတွေလုပ်ပါရဲ့

အရင်လိုမပျော်တော့တာပဲ။


ကလေးတုန်းကတော့

ဒူးပြဲပြဲ ခေါင်းကွဲကွဲ

​ပြေးတမ်းလိုက်တမ်းဆော့ရရင်

ဘဝကြီး ပြီးပြည့်စုံနေတာ။


အခုလည်းပြေးနေရတာပဲ

နောက်ကလိုက်နေတာက ပြဿနာတွေ

ရေကြွေး၊ မီးကြွေး၊ ဘဝဝဋ်ကြွေး။


လူကြီးဖြစ်ချင်တဲ့ အိပ်မက်တွေမက်ခဲ့လို့

ကလေးဘဝက ကိုယ့်ကိုကိုယ်

လက်သီး၊လက်ဝါး ပါချင်နေတယ်။


အိပ်မက်တွေနောက်လည်းမလိုက်နိုင်ဘူး

နှလုံးအားနည်းတော့ မောတယ်

ဆေးလိပ်ဖြတ်ဖို့ပြောတဲ့ သူ့စကားလည်း

ကိုယ် နားမထောင်မိဘူး။


ဒါပေမယ့် စိတ်မောတာကြ

ဆေးလိပ်ကြောင့်မဟုတ်ဘူး အသက်ကြောင့်

အသက်ကရော ဘယ်လောက်ရှည်မှာလည်း

သောကြာနေ့လေးတစ်ရက်ကုန်ဖို့တောင်

အနိုင်နိုင်ကြိုးစားနေရတာ။


ပင်ပန်းနေလားလို့မေးရင်

ပြုံးပြုံးကြီးဖြေမိမှာ

ဒီအချိန်မှာ မပင်ပန်းတဲ့သူရောရှိလို့လား လို့ပါ။     ။


- ဂျေ။

၁၅၀၆၂၂

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ