သင်တို့ဘုရား ငါမဖူး - ကေဇဝင်း ဓာတ်လား နတ်လား ပညတ်လား ပရမတ်လား ဘာဘာညာညာ မကွဲပြား သင်တို့ယောင်ခြောက်ဆယ်ဘုရား ငါ မဖူး မင်းတဆက် တက်ရင် နန်းမြို့ အသစ်ပြုမယ် နေပြည်တော် ရွှေ့မယ် ဟူးရားတို့ဝါဒနဲ့ ယတြာဘုရားတည်မယ် သင်တို့ဂြိုဟ်သိမ်ဂြိုဟ်ပဲ့ဘုရား ငါ မဖူး မြင့်မြတ်သော အတုမရှိဗုဒ္ဓရှေ့ နာမဝိသေသနပေါက်လွှတ်ပဲစားတွေ တပ်ဆင်ထားပုံ ဆုတောင်းပြည့် ဝဋ်ကြွေးကျေ အရူးပျောက် စော်ကြည် ထီပေါက် နိဗ္ဗာန်ရောက် အခု ငြိမ်းချမ်းရေးတဲ့လား သင်တို့ကလေးကင်ပွန်းတပ်ဘုရား ငါ မဖူး ဗုဒ္ဓကို မတွေ့ရှိလိုက်တဲ့ တီကောင်တွေ အထွေးလိုက် ရူးခါနေကြပုံ အောက်တန်းစားဆန်တယ် ဆူညံတယ် သမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပ ကင်းတယ် သင်တို့ဖွဲအဖျဉ်းဘုရား ငါ မဖူး မင်းခမ်းမင်းနားသဘင်ထဲက ရွှေရောင်စူးကျင့်နေတဲ့ အာရာမ် ဆင်းတု စေတီ နတ်ကွန်းများ ပလွှားဂုဏ်မောက်သော အရပ်၌ ဗုဒ္ဓ နေတော်မမူ သင်တို့ဂုဏ်သရေရှိဘုရား ငါ မဖူး ငြူစူတယ် ဝန်တိုတယ် အပျော်အပါးကို လောက်တဖွားဖွား ရေအိမ်လို တပ်မက်တယ် အချင်းချင်း ဆန့်ကျင်တယ် ခြေထိုး ဆွဲငင်တယ် ဖိနပ်ကို လျှပ်တိုက်စီးသလို အတွေးအခေါ်ပါးလျားတယ် သင်တို့ပညာမဲ့ဘုရား ငါ မဖူး ဗုဒ္ဓ မိန့်တဲ့ မောဃပုရိသတွေ ဗုဒ္ဓ စက်ဆုပ်တဲ့ တုစ္ဆပုဂ္ဂ...
Let's try it.
ReplyDelete
ReplyDeleteမြန်ပြည်လှေကြီး
ပျော်ပျော်စီး
အေးငြိမ်းချင်စေမိ