နေမထွက်နိုင်ငံတော်(၆)


နေ့ရက်တိုင်း ဟောလိုးဝင်းရုပ်ရှင်ထဲကအတိုင်း

နှစ်ကာလများ


ငါတို့ကလည်း တစ္ဆေမျက်နှာဖုံးကိုစွပ်

မိစ္ဆာစစ်စစ်တွေကလည်း တစ္ဆေမျက်နှာဖုံးကိုစွပ်

အောက်ခရိုင် ကျောက်တိုင်စိုက်တဲ့

ဦးရှင်ကြီးလည်း တစ္ဆေမျက်နှာဖုံးကိုစွပ်

ဘုန်းတော်ကြီးတွေလည်း တစ္ဆေမျက်နှာဖုံးကိုစွပ်


စိတ္တဇလူသတ်သမားမိုက်ကယ်ရဲ့ လက်ထဲမှာ

ငါတို့ဘဝတွေ

ငါတို့ရဲ့လက်ထဲမှာ 

စိတ္တဇလူသတ်သမားမိုက်ကယ့်ရဲ့ ဓါးတွေ


အခင်းဖြစ်ပွားရာ နေရာတိုင်းမှာ

ကလေးတွေပျော်ရွှင်စွာ

ချိုချဥ်လုံးတောင်းဖူးကြတယ်


*ဒီကမ္ဘာမှာ စစ် စစ် စစ်မဖြစ်ရာမြေ

တနေရာ ရှိ ရှိ ရှိ ရမယ်လေ*


နေမထွက်နိုင်ငံတော်ထဲ

အားလုံးတိုးဝှေ့။


အန်နိုလာ

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ