တိမ်အရုပ်ရေးသူ
လောကကြီးမီးလောင်နေတာ လူညံ့တွေရှို့လို့ မဟုတ်ဘူး
လူတော်တွေ ဝင်မငြိမ်းလို့ဖြစ်တာ......တဲ့
လောင်နေတဲ့မီး မင်းတစ်ယောက်ထဲငြိမ်းချင်လို့မရဘူး
မင်း ဝင်မရှို့ဖို့တော့လိုတယ် ပြီးတော့
ငြိမ်းနေသူတွေထဲ မင်းဝင်ပူးပေါင်းလို့ရတယ် ညီလေး
တကယ်လို့
လက်နက်နဲ့အုပ်ချုပ်ခံခဲ့ရတဲ့ဘဝ ပြန်ရောက်သွားရင်လည်း
မင်း ကြေကွဲနေခွင့်တော့ မရှိဘူး
ကိုယ်နဲ့တန်ရာတန်ရာအစိုးရကိုပဲ ရတာလို့
နှလုံးသွင်းပေါ့ကွာ
လက်နက်ကို လက်နက်နဲ့တော်လှန်မှရမယ်လို့
မတွေးရဲရင်လည်း
ထောင်အကျခံ၊အသေခံနိုင်ငံရေးပဲ ဆက်လုပ်ကြတာပေါ့
ဒါမှမဟုတ်......
ငွေမင်သုတ်၊စာရွက်အဆုတ်ခံရမယ့် ကဗျာတွေရေးပြီး
တော်လှန်ကဗျာဆရာကြီး ဂုဏ်ပုဒ်နဲ့
ဘုတ်ကျီးမြှောက်၊ကျီးဘုတ်မြှောက် နေကြရုံပေါ့ကွာ
ကိုသန်းထွန်း
Done
ReplyDelete