အောက်ဆုံးအလွှာ

 

မင်းတို့က ဗြဟ္မဏတွေလား

ငါတို့က ဇာတ်နိမ့်တွေပါ


မင်းတို့က ကျူတိုးနစ်တွေလား

ငါတို့က အသားအရောင်ရှိသူတွေပါ


မင်းတို့က အာရိယန်တွေလား

ငါတို့က

သွေးသန့်လိုသူ ဥရောပက ဖဲ့ချခံလိုက်ရသူတွေပါ


မင်းတို့က"လူအဖြစ်"မွေးလာခဲ့ကြသူတွေလား

ငါတို့က"လူ့အဖြစ်"ကိုရဖို့ အသက်ပေးတိုက်ယူနေရဆဲ

ဆင်းရဲသားတွေပါ


"မတူညီမှု"ဆိုတာ

ကမ္ဘာကြီးဆီရောက်မလာတဲ့ မေးခွန်းတွေဖြစ်ပြီး

"မညီမျှမှု"တွေကတော့

ကမ္ဘာကြီးက တွက်ချက်ကြည့်ခဲ့ပြီး

အဖြေမထွက်ခဲ့တဲ့ ပုစ္ဆာတပုဒ်ဖြစ်ခဲ့ပါတယ်


ကိုသန်းထွန်း

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ