လူအများကြီးဆင်းရဲနေပြီး


လူနည်းနည်းလေးမှာချည်း သုခဘုံဆိုက်နေတဲ့

ငါ့တိုင်းပြည်မှာ

တိုင်းပြည်ကို ချစ်ရတာလည်း

ငါ့မှာ အရသာမရှိဘူး၊

အမိအဖကို ချစ်ရတာလည်း

ငါ့မှာ အရသာမရှိဘူး၊

ငါ့မိန်းမပျိုကို ချစ်ရတာလည်း

ငါ့မှာ အရသာမရှိဘူး၊

ဘုရားရှစ်ခိုးရတာက အစ

သွေးသားဆန္ဒဖြေဖျောက်ရခြင်းအထိ

ငါ့မှာ အရသာမရှိဘူး ။ ။


ကေဇ၀င်း

Comments

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ