"ကြမ်း"



အလွှာပါးပါးလေးထဲမှာ 

တခုခုရှိနေသလိုလိုနဲ့ 

လေထဲက ဆွဲဆွဲထုတ်ပြနေတာ

လူတိုင်း မျက်စိနောက်လာပြီ။


မင်းမလည်း 

ရေသန့်လိုလို

လေသန့်လိုလို

ဘာလိုလို...။


အနေမတတ်တော့ ဖြဲသလို

အပြောမတတ်တော့ ဆဲသလို

အရေးမတတ်တော့ ကဲသလို

အရောမတတ်တော့ ပေါသလိုလို

ဆိုသလို...။


ထုသားနဲ့ ပေသားလွဲတော့

အကွပ်မဲ့ရလေတယ်။



အန်နိုလာ

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ