ပြန်ဆုံချင်ပါတယ်


ကောင်းကင်က တစ်ခုတည်းပါပဲ

မြေပြင်က တစ်ခုတည်းပါပဲ

လေထုက တစ်ခုတည်းပါပဲ ....

မင်းနဲ့ငါ 

ရှင်သန်စရာက ဒီကမ္ဘာတစ်ခုတည်းပါပဲ


မထူးဆန်းဘူးလား ....

အဝေးကြီး မဝေးတာတောင်

အဝေးကြီး ဝေးကွာနေတာလေ


ကြယ်တွေ ကြွေကြွေ၊ မကြွေကြွေ

ဆုတောင်းနေရုံပေါ့

ဘဝအဆက်ဆက်ဆိုတာ​​တွေ

မမက်​မောပါဘူးကွယ် ....

ဒီဘဝတွင်သာ ပြန်ဆုံချင်ပါတယ်


​နွေဦး​ကျော်

Stardust

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ