"ကျောက်တုံးခွဲသူများ"
နံရံများကြားထဲက
ပန်းချီပြပွဲမှ အပြန်
ငါ့စိတ်ထဲမှာ စွဲကျန်လာခဲ့တဲ့
နိမိတ်ပုံက...
သူတို့တတွေဟာ
ပိတ်မိနေခဲ့ကြတဲ့
ကျောက်မီးသွေးတွင်းထဲမှ
ထွက်လာကြတဲ့သူတွေလိုပါပဲ။
သူတို့ရဲ့မျက်နှာတွေမှာ
ကျောက်မီးသွေးမှုန့်တွေက
ပေကျံနေကြသလိုပဲ
မည်းချိပ်လို့နေကြတယ်။
သူတို့ရဲ့ မျက်နှာတွေမှာ
၀မ်းနည်းကြေကွဲဖွယ်
မျက်လုံးတွေနဲ့
သူတို့ရဲ့ ဘဝတွေကို
ပြန်ပြောပြနေသလိုပဲ။
သူတို့ရဲ့နှုတ်ခမ်းတွေက
ဖြူဖတ်ဖြူရော်
သွေးရောင်မရှိတဲ့သွားဖုံးတွေ
၀ါကြန့်ကြန့်သွားတွေနဲ့။
သူတို့တတွေဟာ
ပန်းချီဆရာ ဗန်ဂိုးကိုတောင်
ရူးသွပ်သွားစေနိုင်ခဲ့တဲ့
ကျောက်မီးသွေးတွင်းတူးသမားတွေလိုပါပဲ။
သူတို့တတွေမှာ
စိတ်ဓါတ်ကျစရာ
လူ့အခွင့်အရေးကလည်း
မွေးကတည်းကိုက
ဆုံးရှုံးခဲ့ကြတယ်။
သူတို့တတွေဟာ
မင်းဒဲလားလိုပါပဲ
လွန်စွာမှ ဇွဲကောင်းလှတဲ့
ကျောက်တုံးခွဲသူတွေလိုပါပဲ။ ။
မောင်ဒီ
Done
ReplyDeleteFighting
ReplyDeleteDone
ReplyDelete