ဆောင်းရောက်ပြီ


ရောက်ပေါ့

ဆောင်းရောက်ပေါ့

မိုးပျံပူဖောင်းတွေရောက်ပေါ့

သစ်ပင်ပေါ် 

မီးလုံးတွေရောက်ပေါ့။

ကားသံတွေ

ခရာမှုတ်သံတွေ

စိတ်စွဲလန်းမှုနဲ့သကြားနဲ့လုပ်တဲ့မုန့်တွေ

ရောက်ပေါ့ ။

နှင်းထဲလမ်းလျှောက်ဖို့တနဂ်နွေ

ရောက်ပေါ့ ။

ရုပ်ရှင်ကားသစ်တွေ

ရောက်ပေါ့ ။

စကားပြောကြတယ်

ချစ်ကြတယ် ။

အဓိပ္ပါယ်မလို

အဓိပ္ပါယ်မရှာ

ကလေးငယ်များဟာ

ကြီးလာတယ် ။

ငါတို့အတွက်ပါမလာတာတွေ

ပါလာပါစေလေ။


-အောင်ချိမ့်

Comments

  1. ကလေးငယ်များဟာ

    ကြီးလာတယ် ။

    ငါတို့အတွက်ပါမလာတာတွေ

    ပါလာပါစေလေ။

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ