“ငါ”
မင်းသားလား၊ ဗီလိန်လား
ဇာတ်ပို့လား၊ဇာတ်ဆောင်လား
ငါ့ကိုငါ မသဲကွဲ
ငါက ဘယ်နှစ်ခန်းသရုပ်ဆောင်ပြီး
ဘယ်အခန်းမှာ ရွံစရာ
ပြီးတော့
ချစ်စရာ ကောင်းသွားသလဲ
ငါ့ကိုငါ မသိ
ငါ့မှာ အနုပညာမျိုးရိုးဗီဇမရှိ။
ငါ့မှာ အလိုက်သင့်စီးမျောနိုင်သည့်
စွမ်းရည်မျိုးမရှိ။
ငါ့မှာ မျက်ရည်ကို ကွယ်ဝှက်၍
ရယ်နိုင်စွမ်းသည့် သတ္တိမျိုးမရှိ။
ငါသည် ငါ့ကိုငါ ဆင်ဆာဖြတ်၍
ငါနေတတ်သလို နေပါ၏။
ရန်ဝေး
Done
ReplyDeleteDone💪💪💪
ReplyDelete