"ဖြစ်ရပါစေသား" ​



မကြိုလဲရောက်လာမယ့် အရာတွေအတွက်

အပိုလုပ်ပြီး စောင့်မနေတော့ဘူး။


ဖန်လာသမျှ ကံကြမ္မာတွေကို 

ကြုံလာပြီဆိုကာမှ

လာလေရောဟဲ့ လောကဓံဆိုပြီး

အပြုံးနဲ့ဖက် နှလုံးသားနဲ့ရင်းပြီး​တော့ကို ကြိုမယ်။


အောင်နိုင်သူ မဖြစ်ခဲ့ရင်တောင်

ဒူးထောက်အရှုံးပေးသူတော့ မဖြစ်စေရ

ကြံ့ကြံ့ခံနိုင်သူအဆင့်တော့ ဖြစ်ရမည်။


ငါ၏ အဆုံးသတ်သည်

လက်လျော့ခြင်းဖြင့် မပြီးဆုံးရ

အပြီးသတ်ဖို့ ကြိုးစားရင်းသာ ပြီးဆုံးရမည်


လောကဟူသည် လည်သော သဘောရှိ၏

ထိုလည်နေသော လောက၌

နောင်တစ်ဖန် လူသားတစ်ဦး ပြန်ဖြစ်ခဲ့ပါမူ

ငါသည် ကြိုးစားရင်းဖြင့်သာ

ပြန်လည်သေဆုံးသူ ဖြစ်ရပါစေသတည်း။


ရကောက်

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ