"သေခြင်းနှင့်ရှင်ခြင်းရဲ့အနက်အဓိပ္ပါယ်"



လူတွေက

သေခြင်းကို

ကြောက်လန့်ကြ

စိုးရိမ်ကြ

နောက်ပြီး...

ငိုကြွေးကြနဲ့ ။


တကယ်က

သေခြင်းဆိုတာ

အဆန်းတော့လည်း မဟုတ်ပါဘူး ။


သူရဲကောင်းတွေအတွက်

သာမညကိစ္စတစ်ခုသာပ ။


သူတို့တစ်တွေဟာ

သူတို့ရဲ့နိုင်ငံတော်ကို

အသက်နဲ့ထပ်တူ ချစ်ကြ ။


ရှင်ခြင်းနဲ့ချစ်ကြသလို

လိုအပ်တဲ့အခါများမှာ

သေခြင်းနဲ့လည်း ချစ်တတ်ကြရဲ့။


ဒါဟာ

သေခြင်းနဲ့ရှင်ခြင်းဆိုတဲ့

အနက်အဓိပ္ပါယ်ကို

သူတို့ဖွင့်ဆိုခဲ့ကြတာပ။


မောင်ဒီ

Comments

  1. တကယ်က

    သေခြင်းဆိုတာ

    အဆန်းတော့လည်း မဟုတ်ပါဘူး ။

    ReplyDelete
    Replies
    1. တကယ်က

      သေခြင်းဆိုတာ

      အဆန်းတော့လည်း မဟုတ်ပါဘူး ။

      Delete
    2. ရှင်ခြင်းနဲ့ချစ်ကြသလို

      လိုအပ်တဲ့အခါများမှာ

      သေခြင်းနဲ့လည်း ချစ်တတ်ကြရဲ့။

      Delete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ