ကဗျာကဏ္ဍ
ဦးပုညရဲ့ လက်
ဦးနုရဲ့ လက်
မောင်သင်းခိုင်ရဲ့ လက်
လှသန်းရဲ့ လက်
လက်များရဲ့ လှပတဲ့အလက်ာ
ဘဝစာမျက်နှာသစ်
ငါ ချစ်တယ် ။
လက်ချည်းလာ လက်ချည်းဗလာ
ပြန်သွားကြသူတွေ ။
လက်ဆိုတာ
လက်ဆွဲနှုတ်ဆက်ဖို့
လက်တို့ခေါ်ဆောင်ဖို့
ကုန်ထုတ်မှုတိုက်ပွဲဝင်ဖို့
ကုန်ကုန်ဆိုပါစို့
ချစ်သူလက်နွေးနွေးလေးကို
ဆုပ်ကိုင်နိုင်ဖို့ ။
လက်ဆိုတာ
မိန်းမထဘီရုတ်ဖို့ မဟုတ်
လက်ညှိုးငေါက်ငေါက်ထိုးဖို့ မဟုတ်
လက်ညှိုးကွေးဖို့ မဟုတ် ။
လက်ဆိုတာ
ငါးမျှားဖို့သက်သက် ပါတာမဟုတ်
ဘုရားရှိခိုးပူဇော်ဖို့
လက်ဆိုတာ
လူတွေ မျက်ရည်သုတ်ဖို့
လက်ဆိုတာ
လူတွေ ပေးကမ်းစွန့်ကြဲဖို့ ။
လက်ဆိုတာ
ကဏန်းတွင်းနှိုက်ဖို့ မဟုတ်
လက်ဆိုတာ
ရွှေတွင်းတူးဖို့ မဟုတ်
လက်ဆိုတာ
သိုက်တူးဖို့ မဟုတ်
လက်ဆိုတာ
ပေသီးတွက်ဖို့ မဟုတ်
လက်ဆိုတာ
ဖုန်းနှိပ်ဖို့ မဟုတ်
လက်ဆိုတာ
လက်ဝါးဖြန့်ဖို့ မဟုတ်
အေး. . .
လက်သီးဆုပ်ဖို့လည်း မဟုတ် ။
စစ်ကြေညာဖို့လက်မှတ်ထိုးတာလည်း
ဒီလက်ပဲ
ငြိမ်းချမ်းရေးဆွေးနွေးလက်မှတ်ထိုးတာလည်း
ဒီလက်ပဲ
ချစ်သူတွေလက်မှတ်ထိုးလက်ထပ်တာလည်း
ဒီလက်ပဲ
လင်မယားတွေ လင်ခန်းမယားခန်း
ကွာရှင်းပြတ်စဲလက်မှတ်ထိုးတာလည်း
ဒီလက်ပဲ ။
ဂုဏ်တော်ကိုးပါး ပုတီးစိပ်တာ
ဒီလက်ပဲ
အဏုမြူဗုံးကြဲတာလည်း
ဒီလက်ပဲ
မိတ်ဆွေတွေ့ရင် လက်ပြနှုတ်ဆက်တာလည်း
ဒီလက်ပဲ
ရန်သူနဲ့တွေ့ရင် စီးချင်းထိုးတာလည်း
ဒီလက်ပဲ ။
ဘယ်လက်က ဆန်တစ်ဆုပ်ကြဲရင်
ညာဘက်က ဆန်လှည်းတစ်စီးဝင်တာလည်း
ဒီလက်ပဲ
မီးစတစ်ဖက်ရေမှုတ်တစ်ခွက်ကိုင်တာလည်း
ဒီလက်ပဲ ။
ပေးကမ်းတာလည်း
ဒီလက်
လုယူတာလည်း
ဒီလက်ပဲ ။
လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့
အလောင်းစည်သူ လက်ကို
မလိုချင်ပါဘူး ။
ပြည်သူတွေကို
ဘယ်လက်က မျက်ရည်သုတ်ဖို့
ညာလက်က စွန့်ကြဲပေးကမ်းတဲ့
အနော်ရထာမင်းရဲ့ လက်ကိုပဲ လိုချင်တယ် ။ ။
အောင်ဘညို
Good poem
ReplyDelete☑☑☑
ReplyDelete