"ကြေးမုံ"



အိမ်ထောင်ဦးစီးတွေ အဆင်မပြေကြတော့

သားတွေ သမီးတွေက နေစရာပျောက်တယ်။


အကောင်ကြီး နှစ်ကောင်

နယ်မြေ၊ အာဏာ၊ ဂုဏ်သိက္ခာ လုတဲ့ပွဲမှာ

မျော်လင့်ချက်ပျောက်သွားကြတဲ့

ကလေးငယ်တွေ ရှိတယ်။


လက်တစ်ဆစ်စာ ခဲတံတိုလေးနဲ့

ဝါးခြမ်းတိုလေးကို သားရေကွင်းနဲ့ ပူးချည်ပြီး

စာရေးနေရတဲ့ 

ကလေးငယ်ရဲ့ လက်တွေထဲမှာ

ပညာတတ်ကြီးဖြစ်ချင်တယ်ဆိုတဲ့

အိမ်မက်တွေပါတယ်။


တကယ်လို့များ

မြူနှင်းတွေကြားက

ပြေးထွက်လာတတ်တဲ့

ကျည်ဆံ နဲ့ ယမ်းငွေ့တွေဟာ

အစာ ရေစာ တွေသာဖြစ်ခဲ့မယ်ဆိုရင်။    ။


ရကောက်

Comments

  1. နယ်မြေ၊ အာဏာ၊ ဂုဏ်သိက္ခာ လုတဲ့ပွဲမှာ

    မျော်လင့်ချက်ပျောက်သွားကြတဲ့

    ကလေးငယ်တွေ ရှိတယ်။

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ