နိုင်ငံတော်သီချင်း ၁၃
နောက်ကနေကြည့်ရင်
ပလ္လင်အောက်ကိုတွဲလောင်းကျနေတဲ့
အမွေးစုတ်ဖွားနဲ့အမြီးကြီး
ရှေ့ကကြည့်ရင်တော့
ငါတို့မျက်လုံးတွေကို
စိမ်းစိမ်းကြီးစိုက်ကြည့်နေတဲ့စာလုံးမဲကြီးတွေ
၁၉၈၈မှာ
ငါဟာဘောက်ဖတ်တစ်ကောင်မျှသာ
ကမ္ဘာမကြေဆိုနေရင်းနဲ့
တစ်စုံတစ်ယောက်ကလေလည်လိုက်တဲ့အခါ
ငါတို့ ဝါးခနဲရယ်ခဲ့ကြ
အဲဒီနောက်
မီးကိုရေနဲ့ငြိမ်းလိုက်သလိုနှစ်များ
အဲဒီနောက်
ရေပေါ်မီးလောင်နေသလိုကာလများ
ငါတို့က နိုင်ငံတော်ကို
မိုးအဆုံးမြေအဆုံးလိုက်ရှာခဲ့
သင်၏ ပျောက်ခြင်းမလှပျောက်ဆုံးနေသောနိုင်ငံတော်။
အောင်ခင်မြင့်
Done💪💪💪
ReplyDeleteFighting
ReplyDeleteDone
ReplyDelete