စစ်ခွေးနိဂုံး
သူရို့ပြောတယ်
နိုင်ငံတော်သစ္စာဖောက်တဲ့
ငါတို့အမြင်မှာ ကျောင်းသားနုနုနယ်နယ်လေးတွေ
အမျိုးသားလွတ်မြောက်ရေးအတွက်
အသက်နဲ့ဘဝတွေ ပေးဆပ်နေကြတဲ့လူငယ်လေးတွေ
တပ်ဦးအလံတော်အောက်မှာ တစုတည်းတည်းချီတက်နေကြတဲ့ လူမျိုးစုတွေ။
သူရို့ပြောတယ်
ဖက်ဒရယ်ဒီမိုကရေစီတဲ့
လူမြင်ကောင်းအောင် ဒီမိုကရေစီလို့ ယောင်ယမ်းအော်
ဖက်ဒရယ်အာဏာတောင် ခွဲဝေပေးသတဲ့
လူ့သမိုင်းမှာ ကြားရခဲတဲ့စကားတွေ
လက်နက်ကိုင်ပြီး အာဏာကို ဓါးပြတိုက်တဲ့ကောင်တွေပါးစပ်က ထွက်သတဲ့။
သူရို့ပြောတယ်
အပစ်ခတ်ရပ်စဲရေးတဲ့
ကြားကောင်းအောင် အော်ပြန်ပါပြီ
ပြီးတာနဲ့ လေကြောင်းကိုတွင်တွင်သုံး
ကချင်ကိုပစ် ချင်းကိုပစ်
ကရင်ကိုပစ် မြန်မာကိုပစ်
သခင်စိုးစကားနဲ့ ပြောရရင်
ဖာခေါင်းကလုပ်တဲ့ ပြည့်တန်ဆာပပျောက်ရေးပဲ။
သူရို့ပြောတယ်
ရွေးကောက်ပွဲတဲ့
တလမ်းဝင်တလမ်းထွက် သေနတ်တပြပြ မဲစာရင်းကောက်နေတဲ့ကောင်တွေက
တရားမျှတတဲ့ ရွေးကောက်ပွဲတဲ့လား
နိုင်ငံတော်သမ္မတကို မတရားဖမ်းထားတဲ့ကောင်တွေက
လွတ်လပ်တဲ့ ရွေးကောက်ပွဲတဲ့လား
ပြည်သူ့ကိုယ်စားလှယ်တွေကို
ဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်အုပ်စုက ကျင်းပတဲ့ရွေးကောက်ပွဲ
ဘယ်သူဝင်ပြိုင်မလဲ
ဖက်ဆစ်တွေရဲ့ အတုအယောင်ရွေးကောက်ပွဲ
ဘယ်သူမဲပေးမလဲ။
ခေတ်တလျှောက်လုံး
မိုးလုံးပြည့် မုသာဝါဒတွေနဲ့ စစ်အုပ်စု
သမိုင်းရာဇဝတ်မှုတွေ
အကြိမ်ကြိမ်ကျူးလွန်နေတဲ့ စစ်အုပ်စု
တော်လှန်သော ပြည်သူတို့ရဲ့
အားမာန်တွေအောက်မှာ
စစ်ခွေးနိဂုံး ချုပ်ရတော့မယ်
စစ်ခွေးနိဂုံး ၂၀၂၃ တဲ့။ ။
မြစ်ညို
MyitKwae
မြစ်ကွေ့- လူထုတော်လှန်ရေးစာစဉ်၏ အတွဲ(၂)၊ အမှတ်စဉ် (၈) တွင် ဖော်ပြထားသည့်ကဗျာကဏ္ဍမှကဗျာတစ်ပုဒ်ဖြစ်ပါသည်။
တော်လှန်သော ပြည်သူတို့ရဲ့
ReplyDeleteအားမာန်တွေအောက်မှာ
စစ်ခွေးနိဂုံး ချုပ်ရတော့မယ်
Done
ReplyDelete