"သိန်းငှက်တို့ရဲ့သဘာဝ"
သိန်းငှက်ပျိုတို့ရဲ့
ဘဝအစဆိုတာ
ဟို ....
သစ်ပင်အိုကြီးများရဲ့
ထိပ်ဖျားလောက်ကနေ
အောက်ကို ခုန်ချလိုက်တာပဲ။
အဲ့ဒီ့အခါမှာ ....
ငှက်ငယ်ဟာ ကြောက်လန့်တကြားနဲ့
တအားအော်ဟစ်ရင်း
အတောင်များကို ဖြန့်ကားလိုက်ရာ
အာကာသထဲမှာ
သူ့ရဲ့အသည်းနှလုံးဟာ
ဗြုံး ဆို ပြောင်းသွားခဲ့တယ်လို့
တို့အဘိုးက
ကွမ်းတစ်ရိုး ဝါးရင်းနဲ့
ပြောပြခဲ့ဖူးတယ် ။ ။
မောင်ဒီ
သိန်းငှက်တို့ရဲ့ ဘဝ😞
ReplyDelete😞😞😞
ReplyDelete