" လူ့အဖွဲ့အစည်းမှရုန်းထွက်ခြင်း "


စွန့်လွှတ်ရတာကိုငါကြိုက်တယ်

ဘယ်သူကိုမှမဆွဲထားချင်ခဲ့ဘူး

ငါ့ဘဝတစ်လျှောက်လုံးမှာ

ငါ့ပါးစပ်ဖျားကမချခဲ့တဲ့အရာနှစ်ခုပဲရှိတယ်

မာနဆိုတဲ့စကားလုံးရယ် စီးကရက်ရယ်


ဘဝမှာရေရေရာရာဘာဆိုဘာမှမတွေးခဲ့ဖူးဘူး

စီးကရက်တစ်လိပ်ကိုခပ်ပြင်းပြင်းဖွာဖို့ကလွဲရင်

ငါ့ဘဝမှာဘယ်အရာကိုမှစွဲစွဲလမ်းလမ်းမရှိခဲ့ဖူးဘူး

အိပ်ရာဝင်ပြီး ပြန်နိုးမထတော့မယ့်မနက်ခင်းတွေအတွက်လဲ

ငါသောကရောက်မနေဘူး


ကောင်းရာသုဂတိလားပါစေလဲမလိုချင်ဘူး

ခရစ်တော်မှာအိပ်ပျော်ပါစေလဲမလိုအပ်ဘူး

လူကိုလူလိုမြင်ပေးပြီးသေသွားတဲ့ငါ့အလောင်းကို

အပြုံးလေးတွေနဲ့ပဲအဆုံးသတ်ပေးကြ

ဘာသာတရားဟာရိုက်သွင်းခံရတဲ့သံတစ်ချောင်းသာသာ

ဘာစောက်ရေးမှမပါဘူး


ကိုယ်ချင်းစာတရားမရှိတဲ့အရပ်မှာ

ဘုရားရှိနေလဲအပိုပဲ

လူကလူကိုပြန်ကယ်ရင်

ဒီ ကမ္ဘာ  မှာဘုရားမလိုဘူး

ငါတော့ဒီစာသားကိုယုံတယ်


စွန့်လွှတ်ရတာငါသဘောကျဆုံးပဲ။


ပိုင်နေလင်းခန့်

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ