အငိုနောက်


ငုံးစွန်တဲ့

အမြှီးနဲ့စွန်တဲ့

ဆောင်းရဲ့ကောင်းကင်မှာ

လေတံခွန်တွေဝဲလို့

စွန်ဖြတ်တမ်းကစားရတာ

ရင်ခုန်စရာ

ပြတ်သွားတဲ့စွန်နောက်လိုက်ရတာ

ပျော်စရာ

အခုတော့

ကောင်းကင်မှာ

တစ်ကိုယ်လုံးမှန်စာတိုက်ထားတဲ့

လေယာဥ်တွေသာဝဲလို့

စစ်ဟာ

ကလေးတွေရဲ့စွန်တွေကို

ဖြတ်ချခဲ့ပြီ

စစ်ကြောင့်

ကလေးတွေရဲ့အပျော်တွေဟာ

ပြတ်ကျခဲ့ရပြီ

ဒီနှစ်ဆောင်းမှာတော့

ကလေးတွေဟာ

အပျော်နောက်ကို

ပြေးမလိုက်ရတော့ဘူး

အငိုနောက်ပဲ

ပြေးလိုက်နေရတော့တယ်။    ။


ခန့်ဝါငြိမ်း

Comments

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ