"အသိဉာဏ်ရဲ့ တည်နေရာ"
ဦးနှောက်ထဲမှာ
မှတ်ဉာဏ်တွေဟာ
အသိဉာဏ်တွေ ဖြစ်မလာတော့
စာအုပ်တွေလိုပဲ
ဆွေးမြည့်ကုန်ကြတော့တာပေါ့။
ဒါနဲ့
ကွန်ပျူတာဆိုတဲ့ အထဲမှာ
မှတ်ဉာဏ်တွေကို
စုပြီး ထည့်ထားကြပြန်တယ်။
ဉာဏ်ရည်အတုတွေဆိုတော့ကာ
တကမ္ဘာလုံး ရှုပ်ကုန်တော့တာပေါ့။
သူတို့တတွေဟာ
အသိဉာဏ်ဆိုတာကို
ရှာလို့မတွေ့ ဖြစ်နေကြတယ်။
အမှန်ကတော့
လူတို့ရဲ့နှလုံးသားထဲက
မေတ္တာတရားမှတဆင့်
အသိဉာဏ်ဆိုတာ ဖြစ်လာရတာပါ။
မောင်ဒီ
👍👍👍
ReplyDeleteFighting
ReplyDeleteDone
ReplyDelete