"နေမထွက်နိုင်ငံတော်" (၁၀)
"အမိုးမရှိတဲ့ အိမ်မှာတောင်
ကြယ်တွေစုံအောင် မမြင်ရတော့ဘူးဗျာ"
ငါ့နားမှာလာထိုင်နေတဲ့ ကောင်လေးက
သက်ပြင်းရှည်ကြီးချရင်း ပြောတော့
ငါအရမ်းဝမ်းနည်းသွားတယ်
ငါသူ့ပခုံးကိုဖက်ပြီး နှစ်သိမ့်ပေးမလို့
သူ့ပခုံးပေါ်လက်ကိုတင်လိုက်တော့မှ
အဲ့ဒီကောင်လေးဟာ
အကောင်အထည်မရှိတဲ့ ဝိညာဉ်မှန်းသိလိုက်ရ
"အမိုးမရှိတဲ့ အိမ်မှာတောင်
ကြယ်တွေ စုံအောင်မမြင်ရတော့ဘူး ဟူးးးး"
ဒီတခါ ညည်းညူမိတဲ့သူဟာ
ငါပါ
ဘယ်တိမ်မှ
အိမ်ပြန်မရောက်ကြသေးဘူး
ဒါကြောင့်...
သူတို့တွေ တစ်ခါတခါ
ငိုရှာတာနေမယ်
နေမထွက်နိုင်ငံတော်ထဲ
ငါလည်းတိုးဝှေ့။
အန်နိုလာ
💪💪💪
ReplyDeleteDone
ReplyDeleteDone
ReplyDelete