အိပ်မက်သံဘူး


စေတန်ဟာလူတွေကို ကယ်နေတယ်


မတန်တဆ လောင်းကြေးနဲ့


ဘုရားနဲ့ နတ်ကောင်းနတ်မြတ်တို့ဟာ


ကံ ကံ၏အကျိုးဆိုပြီး


ပစ်ထားလေရဲ့


ရေငတ်သူဟာ


နေမထွက်လဲရတယ်


မိုးရွာချဖို့ပဲလိုတယ်


အလင်းရောင်မလို ရေပဲလိုတယ်


ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့


ငါဟာ ပြုသူ မဖြစ်ဖူးတဲ့


"ဖြစ်သူ" သက်သက်


ဖိနပ်ပြတ်တစ်ရံနဲ့ ခြေထောက်ကျိုး


အတွဲမညီတဲ့ လိုက်ဖက်မှုကို


ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ


သေမှ ဝဋ်ကြွတ်မယ်ဆိုတဲ့စကားဟာ


အမှန်မဟုတ်ဘူးလို့


ဘယ်သူပြောနိုင်မလဲ


ဘဝ ကို နာကျည်းစိတ်နဲ့


ကြိမ်ဆဲလိုက်မိတယ်


. . .


အိပ်ပျော်နေတဲ့ ငှက်တစ်ကောင်


လန့်နိုးတဲ့အခါ


အသိုက်ထဲမှာပဲ ဖြစ်ချင်တယ်


ငါ့ကိုငါအနိုင်ယူရမယ်


အက်စ်​

Comments

  1. ငါ့ကိုယ်ငါအနိုင်ယူမယ်🤗

    ReplyDelete
  2. ငါ့ကိုယ်ငါအနိုင်ယူရမယ်

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ