မလေနဲ့ညီလေးပြုံးပြုံး ၃
မတော်တဆ လက်ထဲကဖန်ခွက် လွတ်ကျဖူးမယ်
ဒေါသအလျောက် ဖန်ခွက်ကို နံရံဆီ ပစ်ပေါက်ဖူးမယ်
မတော်တဆ နှင်းဆီပန်းခူးရင်း ဆူးစူးခံရဖူးမယ်
စိတ်လိုက်မာန်ပါ နှင်းဆီရုံတွေကို ရန်သူလို ခုတ်ထစ်ခြေမွဖူးမယ်
ဘ၀ဆိုတာ ကျကွဲဖို့နဲ့ ချခွဲဖို့ပဲလား
ဘ၀ဆိုတာ သတ်ဖို့နဲ့ သေဖို့ပဲလား
ဘ၀ကို အတည့်အတိုင်းထား
မေတ္တာတရားကို မတော်မတရား မတွေးခေါ်နဲ့
လူသားအလျောက် ငါလည်း မှားခဲ့ဖူးမယ် မင်းလည်း မှားခဲ့ဖူးမယ်
လူသားအလျောက် ငါလည်း ရှုံးဖူးမယ် မင်းလည်း ရှုံးဖူးမယ်
ညီလေး . . .
မှားတာကို မှားတဲ့အတိုင်း ထားခဲ့
အမှန်တရားဆီ ရောက်အောင် သွား
ရှုံးတာကို ရှုံးတဲ့အတိုင်း ပစ်ချခဲ့
အောင်မြင်မှုဆီ ရောက်အောင် သွား
ငါ့က မင့်အကို
မင်းကို ငါ ဆုံးမတယ်
မင်း နာခံဖို့မဟုတ်ဘူး
မင်း လိုက်နာဖို့ မဟုတ်ဘူး
မင်း ဝေဖန်ချင့်ချိန်တတ်ဖို့ပဲ
တောတောက မင်းညီ
မင့်ဆုံးမမှုတွေ သူ လိုအပ်တယ်
သူ့ကို အတင်းမလိုက်နာခိုင်းနဲ့
သူ့ကို အဓမ္မမနာခံခိုင်းနဲ့
ငါ့အသံ တအားကျယ်သွားလား
အဲဒါဆို မင်းနားကို မပိတ်နဲ့
ငါ့မေတ္တာဓာတ်စက်ကိုသာ အသံလာနှိမ့်လှည့်
ကိုသျှား
ညီလေးရေ😢
ReplyDeleteဗျ🤗
Delete